Latest Movie :
Recent Movies

ကျွန်တော်နှင့် ချင်း လူမျိုးများ



ကျွန်တော်တို့ ချင်းလူငယ်တိုင်းမှာ စိတ်ဓာတ်ကိုစီ ပြုပြင်ဖို့လိုသည်။
မျိုးနွယ်စုအရေးကိုအင်တိုက်အားတိုက် အစွဲလမ်းကြီးစွာ ဝါဒစွဲစွာ
လုပ်ဆောင် ဟောပြောမူးတွေ မလုပ်ပဲ။
ချင်းလူမျိုးအားလုံးအတွက် အကျိုးရှိစေမယ့် အမျိုးသားရေးပိုင်းမှာ အင်တိုက်အားတိုက် ပါဝင် နိုးဆော်ဖို့ လူငယ်တွေ စည်းရုံးဖို့ အရေးကြီးသည်။
အမျိုးသားရေး အင်အားကောင်းပါက လူမျိုးနွယ်စု အရေး ပြည်နယ် ဖွံဖြိုးတိုးတက်ရေး
ချင်းပြည်နယ်တွင် လိုအပ်သည့်အရာများကို စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး
အမျိုးသားရေး အားကောင်းမှ အထွေထွေလိုအပ်ချက်များ တိုးတက်
ကောင်းမွန်လာမှာဖြစ်သည်။

 ချင်းလူငယ်များအနေနဲ့ အမျိုးသားရေးကို ကျော့ခိုင်းနောက်ကွယ်ပြုပါ က။နောင်တွင် အဆင်းရဲ့ဆုံး ပြည်နယ်ကနေအပျက်ပြားဆုံးလူမျိုးအဖြစ် သမိုင်းဝင်မှာကို အင်မတန် ကြောက်စရာ တစ်ခုဖြစ်လာနိုင်သည်။

ယနေ့ ချင်းလူငယ်များ တစ်ဦးနဲ့ဦး လူမျိုးနွယ်အရေးနဲ့ အငြင်းပွားမယ့်
အချိန်မဟုက်သလို။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မယ့်အချိန်
လည်းမဟုက်ပါ။
ချင်းလူငယ်တိုင်းမှာ ချင်းလူမျိုးများ အခွင့်အရေး ပျောက်ဆုံးနေသည့်
ရပိုင်ခွင့် လုပ်ပိုင်ခွင့် အရာတွေကို ပြန်တောင်းဆိုရမည့်အချိန် ဖြစ်
၍ အမျိုးသားရေးနှင့်စည်းလုံးရေးကို ပျက်ပြားအောင် နိုးဆော် ပြော
ဆိုမူတွေ ရပ်တန့်သွားဖို့ အရေးကြီးသည်။

ချင်းလူမျိုးများ ရပိုင်ခွင့်တွေကို ဘယ်လူမျိုးကမှ တောင်းဆိုပေးလို့
မရသည်ကို ချင်းလူငယ်တိုင်း နားလည်သဘောပေါက်ရန် လိုအပ်
ပြီး။ ချင်းလူမျိုးက လွဲလို့ ဘယ်လူမ်ျူးကမှ ချင်းပြည်နဲ့ ချင်းလူမျိုးတွေကို
ဆုတ်ကိုင်ချူပ်ကိုင်ထားလို့မရဘူးဆိုတာကိုအမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ကာကွယ်ဖိုး အလွန်အရေးကြီးလာသည်။

ချင်းပြည်နယ်အရေးသည် ချင်းလူမျိုး၌သာ ဆိုင်သည်။
ထို့ကြောင့် ချင်းလူငယ် မောင်မေများ တစ်ယောက်နဲ့တစ်ယောက် သွေး
ခွဲပြောဆို အမုန်းပွားခြင်းများ ရှောင်နေပြီး စည်းလုံးခြင်းသို့ အတူတူ
လက်တွဲ သွားနိုင်ဖို့ လူငယ်ကိုစီတိုင်းမှာ စိတ်ဓာတ်ကိုယ်စီ ပြုပြင်
ဖို့ ဦးစွာ အရေးကြီးဆုံးဖြစ်လာသည်။

စည်းလုံးမူး ရှိမှသာလျင် အမျိုးသားရေး အားကောင်းလာပြီး ချင်းပြည်
နယ် တိုးတက်ရေး ဖွံ့ဖြိုးရေးတို့ကို အင်တိုက်အားတိုက် လူငယ်တွေ
ပါဝင်နိုင်မှာဖြစ်သည်။

ဒါကြောင့် အကွဲပြားဆုံး လူမျိုးကနေ အစည်းလုံးဆုံး လူမျိုးဖြစ်ဖို့
အဆင်းရဲ့ဆုံးပြည်နယ်ကနေ အတိုးတက်ဆုံးဖြစ်လာဖိုးက ချင်းလူ
ငယ်တိုင်း၏ လက်ထဲ့မှာ ရှိပြီး တာဝန်အပြည့်ရှိသည်ကို လူငယ်တိုင်း
နားလည်သဘောပေါက်စေလိုသည်။

ချင်းပြည်နယ်အတွင်း၌ လုပ်ကိုင်စားသောက်နေသော ချင်းပြည်သူနဲ့
အခြားသော လူမျိုးများကို နည်းစနစ်ပေါင်းစုံနဲ ချင်းလူငယ်များ ကိုင်
သွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်လာပြီး။ စည်းစည်းလုံးလုံးနဲ့ အနာဂတ်
ချင်းပြည်အတွက် လူငယ်တွေ ရပ်တည်နိုင်ဖို့ လိုအပ်သည်။

လူသာလာပါ။ ပြသနာ ပါမလာစေနှင့် ဆိုတဲ့ ဆောင်ပုဒ် တွေနဲ့ လူမျိုး
ရေးဘာသာရေးတို့ကိုကောင်းစွာကိုင်သွယ်ဖြေရှင်းနိုင်ဖို့လည်းအလွန်အရေးကြီးလာသည်။

ကျွန်တော် တို့ ချင်းလူငယ်တွေ ပညာတက်ကြပါတယ်။ ဘွဲဒီဂရီတွေ
ရကြပါတယ်။ ဒါပေမယ့် ပညာတက်ပြီး ပညာမဲ့ မဖြစ်ကြဖို့ အရေးကြီး
သည်။ ဘွဲတွေ အထပ်ထပ်ရပြီး အသိတရားတွေ ထပ်ခါထပ်ခါ ကျဆုံး
ခြင်း၌သာ ရှိနေရင် သင့်အတွက်အသုံးဝင်နေပေမယ့် သင့်လူမျိုးနဲ့
ပြည်နယ်အတွက် အကျူံးမဝင်ပါ။ ချင်းအဖိုး အဖွား တွေဟာ ပညာတက်
ပြီး ဘွဲဒီဂရီတွေ ရလို့ ဒီလိုမျိုးချင်းပြည်နယ်ကို ခေတ်အဆက်ဆက် ထိန်းသိမ်းလာကြတာမဟုက်ပါဘူး။
 သူတို့မှာ မေတ္တာ စေသနာ ဗဟုသုတ အသိတရား ကြွယ်ဝ ပြီး ဝင်လာတဲ့ ပြသနာ ဟူသမျှ အေး
ချမ်းစွာ တိုက်ထုက်ပြီး ဒီနေ့ ဒီချိန်ထိ ချင်းပြည်နယ်ဟု အမည်တွင်
လာအောင် ထိန်းသိမ်းလာကြပါတယ်။
ချင်းသွေး ချင်းသတ္တိကို ခေတ်အဆက်ဆက်ပြပြီး အောင်ပွဲတွေခံ ချင်းလူမျိုးချင်းပြည်အတွက် အသက် ပေးဆပ်ကြပြီး ရပ်တည်လာခဲ့ကြပါတယ်။
 ချင်းတွေ ပညာတက်လာပြီဆိုတဲ့ ခေတ်ကျမှ ချင်းပြည်ဖျက်စိးလာတယ်။ စိတ်ဝမ်းကွဲလာကြတာ။
တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်လာကြတာ အင်မတန် ဝမ်းနည်းဖိုး ကောင်း
လာတယ်။ ထို့ကြောင့်ယနေ့ ချင်းလူမျိုးများ စိတ်ဓာတ်ကိုယ်စီ ပြုပြင်ပြီး
စည်းလုံးစွာ ချင်းပြည်နယ်ကြီး တိုးတက်ဖို့အတွက် အတက်နိုင်ဆုံး
အဖြစ်နိုင်ဆုံး ကြိုးစားအားထုက်ကြပါစေလို့ တိုက်တွန်း ရေးသားလိုက်
ရပါသည်။

လေးစားလျက်
#salaithangsan




#နှလုံးသွေးနဲ့ရေးတဲ့ကဗျာ@@

နူနာစွဲ​သော လူနာလို မိမိအနာကို ကုတ်​ဖဲ့သာယာ ​နေသကဲ့သို့။
အာဏာ မှာ သာယာစွာ တမျိုးသားလုံးကို ​သွေး​​တွေ ရွှဲနစ်​​အောင်​ ကုတ်​ဖဲ့​နေကြ။ ဒင်းတို့မျက်နှာ​တွေ ​၀ိဘစ္ဆရသ​မြောက်​​​အောင်
နှစ်​​တွေမကုန်​မခမ်းလှ​နေတာ ချိုး(ဂျိုး)ငှက်​​လေး သံလွင်​ခတ်​ မကိုက်​ချည်​နိုင်​​သေး။

မငြိမ်းနိုင်​​သေးတဲ့ မီးအတွက်​ ဘယ်​မှာ ​ကောက်​သင်​​ကောက်​ရမလဲ။
နီးသလိုလို ​ဝေး​နေတဲ့ လွင်​ပြင်​​ရေ အတက်​အဆင်းတိုင်း...
ထုံကျဉ်​ကိုက်​ခဲ ​နေတဲ့ နှုတ်​ခမ်း​တွေက
သွေးမ​ခြောက်​​သေး တဆာဆာေ​အာ်​​ ငြိမ်းချမ်း​ရေး....။

အမြီး​ပေါက်​​နေတဲ့ ဂျပိုး​တွေက တမျိုးသားလုံးကို ​သွေးစုပ်​။
သံယံဇာတ​တွေ လက်​၀ါကြီးအုပ်​တယ်
လယ်​​ပျောက်​ ​တော​ တောင်​ သစ်​ အိမ်​ယာ​တွေ​ပျောက်​ပြီးးး
စီမံကိန်း​တွေနဲ့ မဟာတရား နိုင်​လိုမင်​ထက်​ပြုတယ်
လက်​ညှိုးညွှန်​ရာ တိုင်း ​သေ​စေသတဲ့
ခါးသီးမှု့​တွေအရှိန်​နဲ့လိမ့်​ဆင်းရပြီ ။

ပြောင်​သလင်းခါနိုင်​ငံအတွက်​ ငြိမ်းချမ်း​ရေမရှိ​သေးဘူးလား။
ပုပ်​ပဲ့​နေတဲ့ အာဏာရှင်​​တွေ ဘယ်​အချိန်​​ကြွေမှာလဲ။
အငတ်​​ဘေး ​လောကဓံနဲ့ ငြိမ်းချမ်း​ရေးကငို​နေတယ်​။
လမ်းအ​သေ​တွေနဲ့ ​နေ့သစ်​​တွေ မဖွင့်​ချင်​​တော့ဘူး။
ကိုယ့်​အသက်​ထက်​ငြိမ်းချမ်း​ရေးကိုမြတ်​နိုးတယ။်
အ​စောတလျင်​​နေ၀င်​ခြင်းကို လက်​ခံလို့မရဘူး တိုက်​မယ်
မ​သေမခြင်း ငြိမ်းချမ်း​ရေးအတွက်​တိုက်​မယ်​။

ဒီတိုက်​ပွဲအတွက်​ ​ပျော်​ရွှင်​​ကြောင်း လက်​မှတ်​ထိုးဖို့ လိုအပ်​ရင်
နှလုံး​သွေးနဲ့ ​ရေး​ပေးလိုက်​မယ်​ လူသားတိုင်းအတွက်​ ငြိမ်းချမ်း​ရေး။

 တော်လှန်ရေး မော်ကွင်း
Photo credit

""ကမ္ဘာမကြေတဲ့ချင်း ရဲ့ မှာတမ်းတေး""


""ကမ္ဘာမကြေတဲ့ချင်း ရဲ့ မှာတမ်းတေး""
==============================
ဒီမှာ ချင်းသမ္မတကြီး
ခင်များကို ကျုပ်တို့ချင်းတွေ
ဆိုင်သာဆိုင် မပိုင်တော့ဘူး သိလား
ခံနိုင်ရည်ရှိသလောက် ရိုးသားလိုက်ပါ
သမိုင်းမှာချင်းတွေရဲ့သစ္စာမျိုး ကိုပြဖို
အချိန်ခဏအခွင့်ရှိတုံးလေးပေါ့ဗျာ
ခင်များကို ဆဲမှာပဲ ဝေဖန်မှာပဲ
ခံရလဲ ကျေးဇူးတော်ချီမွမ်း
စံနေရလဲ အလိုတော်ဝန်ခံ
ပြည်ထောင်စုထဲက ချင်းသွေး
မြန်မာပြည်အတွက် စီးပေးလိုက်ပါ
လိပ်ပြာမလှသူ မလိုသွေးထိုးသူများ
နာကျင်ဆင်းရဲသူ ချမ်းသာမိန်းမောသူ
အဏာမက်သူ အခွင့်အရေးမဲ့သူတွေအတွက်
သိက္ခာတွေအဖက် ဆယ်ပေးလိုက်ပါ
ခဏလေးပဲ သည်ခံလိုက်ပါ
တိုးတိုးလေးပဲ ဘုရားစာဆိုပေးပါ
တိတ်တိတ်လေးပဲ မျိုးချစ်ပေးပါ
စစ်မီးတရားခံလို့ လက်ညိုးထိုးမှာစိုးလို့ပါ
အဲဒိအတွက် ပေးဆပ်မူတွေအတွက်
ကျုပ်တို့ ချင်းတွေလက်တွေဆုတ်လို့
မြန်မာ့နိုင်ငံက ချင်းသမတ္တကြီးကို
ဘုရားသခင် ကူညီစောင့်မဖို့
မြန်မာပြည်ကြီးငြိမ်းချမ်း တိုးတတ်ဖို့
အော်ဟစ် ဆုတောင်းပေးနေမယ် ....။
မြန်မာ့သမိုင်းထဲ ချင်းတွေ မရိုင်းခဲ့ဘူး
မြန်မာရာဇဝင် ချင်းတွေ ထင်ကျန်တွင်
ရင်နာနာနဲ့ ချင်းမျိုးတွေ အသက်ပေး
မြန်မာပြည်အပေါ် ရိုးသားခဲ့တာ
ဘိုးဘွားအမွေကို ထိမ်းသိမ်းသလို
အစဉ်အလာအရ သစ္စာရှိပေးပါ
ကျုပ်တို့ချင်းပြည်နယ်ကြီးမှာ''
ကတ္တရားလမ်းတွေ မရှိသေးလဲရတယ်
ကျောင်းတွေ မလာက်လဲ ရတယ်
ဆေးရုံတွေ နည်းလဲ အဆင်ပြေတယ်
လျှက်စစ်မီးမရှိသေးလဲ နေတတ်သေးတယ်
တိုင်းတစ်ပါးမှာ ကျွန်ခံ မှိခိုရလဲ ခံနိုင်သေးတယ်
တကယ်ကို ကြောက့်ရွံ ငတ်မွတ်နေတဲ့
တိုင်းရင်းသားသွေးချင်းတွေရဲ့ ရင်ထဲ
ပညာရေး ကျန်မားရေး ငြိမ်းချမ်းရေးတွေ
တန်တူအခွင့်အရေးနဲ့ ပင်လုံစိတ်ဓါက်ကိုပဲ
ပြန်အသက်သွင်းပေးပါ
ဟုတ်တယ်
တကယ်အမှန်ဆုံး သက်မှက်ချက်ပဲ
ကျုပ်တို့ချင်းတွေ ဆင်းရဲတယ်ဗျာ
ချင်းတို့ဒေသ ဝိသေသတိုင်းမှာ
အတ္တ မာန်မာနတွေ ရောင်းဖို့မရှိဘူး
မတူညီခွဲခြားမူ့ ထွက်ကုန်တွေမရှိဘူး
အမုန်းတရား မသမာပို့ကုန်တွေ မရှိဘူး
ဒါကြောင့် ဘယ်သူမှ ရန်မလိုဘူး
ဖုန်ထတဲ့လမ်းကို ကဗျားရေး
ရနံ့မဲ့တဲ့ ပန်းတောင်ဇလပ်ပွင့်လို့
ချင်းမျိုးကွဲတွေနဲ့ စုစည်းကာစည်းဝေး
စကားကွဲအလှတွေ အသည်းပုံ ရေကန်
ခေါနူသုန်တောင်မြင့် ဘုံတလာရေတစ်ခွန်
အအေးလွန်တိမ်တွေကြားကအလင်းစက်နဲ့
စိမ်းလန်းတဲ့အလှကို နတ်ဘုံနတ်နန်းတွေ
ခတ်မိမြို့ပြစနစ်တွေ ခရိုနီ အိမ်ရာမဖြစ်သေးလို့
ကြံဖန်ကျေးဇူးတင် တောင်တန်းမြေအေးရိပ်မှာ
ချင်းတွေံ ရိုးရာထိမ်းသိမ်းရင်း ဆင်းရဲမူ့ဆိုတာ
ကြိုးစားမူ့ရဲ့အစလို့ ဇိမ်ခံအတွေး ခံယူစိတ်ထားလို့
နေပျော် သေပျော်ကြပါတယ်။
မျိုးစောင့်ဥပဒေ မလိုအပ်တဲ့
အောက်ချင်းငှက်လို သစ္စာမျိုးနဲ့
ဆလိုင်းနဲ့ မိုင် လက်တွေခိုင်ပြီး
ဆိုင်သူပဲလက်ထပ်တဲ့ ပညက်ကို
ရှေးဓလေ့ရိုးရာနဲ့ အတူထိမ်းသိမ်းရင်း
ဝါလုံးခင်းကတဲ့ စည်းချက်နဲ့
မာယာမပါ မူယာမပို တဲ့ သတင်း
ကမ္ဘာကိုဖြန့်ခင်းပြန့်လွင့် တည်တံ့ပါစေဗျာ
'''ချင်းတွေက'''
ခဏခဏ ထမကြည့်ချင်လို့
(ဟောင်တတ်တဲ့ကောင်တွေ)ပါ
ဟောင်ကောင်သားလဲစားတယ်
ရိုးရာ နတ်ဘုရားဝိညဉ်တွေ ပသပူဇော်
ခေါင်ရည်ချိုသောက်ကာ ပျော်တတ်လို့
လူရိုင်းလို အမြင်မျိုးတွေနဲ့ အလည်လာသူကို
ပြုံးပြဆတ်ဆံ အိမ်ပြန်နုတ်ဆတ်ချိန်မှာတောင်
လက်ဆောင်တွေ ပွေ့ပိုက်ပြန်သွားမှ
ကျေနပ်လို့ ပိတိစာပြီးလွမ်းတတ်တဲ့အလှကို
ဘယ်မှာ ရေးသားသလဲလို့ ရှာပေးပါလားဗျာ
''ချင်းလူမျိုးဆိုတာ''ကလေ
သိမ်းဖျင်းတဲ့အတွေးတွေနဲ့ မှိန်ပြီးမနေဘူး
အပျင်းကြီးပြီး မိုးခါးရေလိုက်မသောက်ဘူး
မကောင်းရင် ကိုယ့်ပေါင်ကိုလဲ လှန်းထောင်း
နာစရာကို သတိရ ပြန်နိုး ပြန်ထတဲ့ဘဝမျိုး'''
''ချင်းဆိုတာ''ကိုယ်ထူကိုယ်ထ တဲ့အလင်းနဲ့
ပြည်ထောင်စုကိုထွန်ညှိး သမိုင်းသစ္စာရှိတာကို
တို့သွေးခြင်းတွေ ယုံစေချင်တယ်
( ဆလိုင်းရဲပီကျင် )
Credit

အိုနေကြပေမယ့် တစ်ကယ်အသံကောင်း ပိုင်ဆိုင်သူတွေနော်။


( ကျွန်တော်နှုင့် ချင်းလူမျိုးများ)

ကျွန်တော်တို့ ချင်းလူငယ်တိုင်းမှာ စိတ်ဓာတ်ကိုစီ ပြုပြင်ဖို့လိုသည်။
မျိုးနွယ်စုအရေးကိုအင်တိုက်အားတိုက် အစွဲလမ်းကြီးစွာ ဝါဒစွဲစွာ
လုပ်ဆောင် ဟောပြောမူးတွေ မလုပ်ပဲ။
ချင်းလူမျိုးအားလုံးအတွက် အကျိုးရှိစေမယ့် အမျိုးသားရေးပိုင်းမှာ အင်တိုက်အားတိုက် ပါဝင် နိုးဆော်ဖို့ လူငယ်တွေ စည်းရုံးဖို့ အရေးကြီးသည်။
အမျိုးသားရေး အင်အားကောင်းပါက လူမျိုးနွယ်စု အရေး ပြည်နယ် ဖွံဖြိုးတိုးတက်ရေး
ချင်းပြည်နယ်တွင် လိုအပ်သည့်အရာများကို စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး
အမျိုးသားရေး အားကောင်းမှ အထွေထွေလိုအပ်ချက်များ တိုးတက်
ကောင်းမွန်လာမှာဖြစ်သည်။

 ချင်းလူငယ်များအနေနဲ့ အမျိုးသားရေးကို ကျော့ခိုင်းနောက်ကွယ်ပြုပါ က။နောင်တွင် အဆင်းရဲ့ဆုံး ပြည်နယ်ကနေအပျက်ပြားဆုံးလူမျိုးအဖြစ် သမိုင်းဝင်မှာကို အင်မတန် ကြောက်စရာ တစ်ခုဖြစ်လာနိုင်သည်။

ယနေ့ ချင်းလူငယ်များ တစ်ဦးနဲ့ဦး လူမျိုးနွယ်အရေးနဲ့ အငြင်းပွားမယ့်
အချိန်မဟုက်သလို။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မယ့်အချိန်
လည်းမဟုက်ပါ။
ချင်းလူငယ်တိုင်းမှာ ချင်းလူမျိုးများ အခွင့်အရေး ပျောက်ဆုံးနေသည့်
ရပိုင်ခွင့် လုပ်ပိုင်ခွင့် အရာတွေကို ပြန်တောင်းဆိုရမည့်အချိန် ဖြစ်
၍ အမျိုးသားရေးနှင့်စည်းလုံးရေးကို ပျက်ပြားအောင် နိုးဆော် ပြော
ဆိုမူတွေ ရပ်တန့်သွားဖို့ အရေးကြီးသည်။

ချင်းလူမျိုးများ ရပိုင်ခွင့်တွေကို ဘယ်လူမျိုးကမှ တောင်းဆိုပေးလို့
မရသည်ကို ချင်းလူငယ်တိုင်း နားလည်သဘောပေါက်ရန် လိုအပ်
ပြီး။ ချင်းလူမျိုးက လွဲလို့ ဘယ်လူမ်ျူးကမှ ချင်းပြည်နဲ့ ချင်းလူမျိုးတွေကို
ဆုတ်ကိုင်ချူပ်ကိုင်ထားလို့မရဘူးဆိုတာကိုအမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ကာကွယ်ဖိုး အလွန်အရေးကြီးလာသည်။

ချင်းပြည်နယ်အရေးသည် ချင်းလူမျိုး၌သာ ဆိုင်သည်။
ထို့ကြောင့် ချင်းလူငယ် မောင်မေများ တစ်ယောက်နဲ့တစ်ယောက် သွေး
ခွဲပြောဆို အမုန်းပွားခြင်းများ ရှောင်နေပြီး စည်းလုံးခြင်းသို့ အတူတူ
လက်တွဲ သွားနိုင်ဖို့ လူငယ်ကိုစီတိုင်းမှာ စိတ်ဓာတ်ကိုယ်စီ ပြုပြင်
ဖို့ ဦးစွာ အရေးကြီးဆုံးဖြစ်လာသည်။

စည်းလုံးမူး ရှိမှသာလျင် အမျိုးသားရေး အားကောင်းလာပြီး ချင်းပြည်
နယ် တိုးတက်ရေး ဖွံ့ဖြိုးရေးတို့ကို အင်တိုက်အားတိုက် လူငယ်တွေ
ပါဝင်နိုင်မှာဖြစ်သည်။

ဒါကြောင့် အကွဲပြားဆုံး လူမျိုးကနေ အစည်းလုံးဆုံး လူမျိုးဖြစ်ဖို့
အဆင်းရဲ့ဆုံးပြည်နယ်ကနေ အတိုးတက်ဆုံးဖြစ်လာဖိုးက ချင်းလူ
ငယ်တိုင်း၏ လက်ထဲ့မှာ ရှိပြီး တာဝန်အပြည့်ရှိသည်ကို လူငယ်တိုင်း
နားလည်သဘောပေါက်စေလိုသည်။

ချင်းပြည်နယ်အတွင်း၌ လုပ်ကိုင်စားသောက်နေသော ချင်းပြည်သူနဲ့
အခြားသော လူမျိုးများကို နည်းစနစ်ပေါင်းစုံနဲ ချင်းလူငယ်များ ကိုင်
သွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်လာပြီး။ စည်းစည်းလုံးလုံးနဲ့ အနာဂတ်
ချင်းပြည်အတွက် လူငယ်တွေ ရပ်တည်နိုင်ဖို့ လိုအပ်သည်။

လူသာလာပါ။ ပြသနာ ပါမလာစေနှင့် ဆိုတဲ့ ဆောင်ပုဒ် တွေနဲ့ လူမျိုး
ရေးဘာသာရေးတို့ကိုကောင်းစွာကိုင်သွယ်ဖြေရှင်းနိုင်ဖို့လည်းအလွန်အရေးကြီးလာသည်။

ကျွန်တော် တို့ ချင်းလူငယ်တွေ ပညာတက်ကြပါတယ်။ ဘွဲဒီဂရီတွေ
ရကြပါတယ်။ ဒါပေမယ့် ပညာတက်ပြီး ပညာမဲ့ မဖြစ်ကြဖို့ အရေးကြီး
သည်။ ဘွဲတွေ အထပ်ထပ်ရပြီး အသိတရားတွေ ထပ်ခါထပ်ခါ ကျဆုံး
ခြင်း၌သာ ရှိနေရင် သင့်အတွက်အသုံးဝင်နေပေမယ့် သင့်လူမျိုးနဲ့
ပြည်နယ်အတွက် အကျူံးမဝင်ပါ။ ချင်းအဖိုး အဖွား တွေဟာ ပညာတက်
ပြီး ဘွဲဒီဂရီတွေ ရလို့ ဒီလိုမျိုးချင်းပြည်နယ်ကို ခေတ်အဆက်ဆက် ထိန်းသိမ်းလာကြတာမဟုက်ပါဘူး။
 သူတို့မှာ မေတ္တာ စေသနာ ဗဟုသုတ အသိတရား ကြွယ်ဝ ပြီး ဝင်လာတဲ့ ပြသနာ ဟူသမျှ အေး
ချမ်းစွာ တိုက်ထုက်ပြီး ဒီနေ့ ဒီချိန်ထိ ချင်းပြည်နယ်ဟု အမည်တွင်
လာအောင် ထိန်းသိမ်းလာကြပါတယ်။
ချင်းသွေး ချင်းသတ္တိကို ခေတ်အဆက်ဆက်ပြပြီး အောင်ပွဲတွေခံ ချင်းလူမျိုးချင်းပြည်အတွက် အသက် ပေးဆပ်ကြပြီး ရပ်တည်လာခဲ့ကြပါတယ်။
 ချင်းတွေ ပညာတက်လာပြီဆိုတဲ့ ခေတ်ကျမှ ချင်းပြည်ဖျက်စိးလာတယ်။ စိတ်ဝမ်းကွဲလာကြတာ။
တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်လာကြတာ အင်မတန် ဝမ်းနည်းဖိုး ကောင်း
လာတယ်။ ထို့ကြောင့်ယနေ့ ချင်းလူမျိုးများ စိတ်ဓာတ်ကိုယ်စီ ပြုပြင်ပြီး
စည်းလုံးစွာ ချင်းပြည်နယ်ကြီး တိုးတက်ဖို့အတွက် အတက်နိုင်ဆုံး
အဖြစ်နိုင်ဆုံး ကြိုးစားအားထုက်ကြပါစေလို့ တိုက်တွန်း ရေးသားလိုက်
ရပါသည်။

လေးစားလျက်
#salaithangsan

#ဖုန်းလောင်ဒေသ(ခေါ်)လေမြိုဒေသဆီသို့ စာစောင်။

ဒီတောင်ဒီမြစ်ဟာ ဒေသခံတွေ အတွက် သမိုင်းဆိုင်ရာ အရသာမဟုတ်
ပြောလို့မရပါဘူး။ ဒေသခံတွေရဲ့သမိုင်းပေါင်းများစွာနဲ့ အတူ ရှိလာခဲ့တဲ့
မြစ်ချောင်းနှင့်တောင်တန်းကြီးတွေပါ။

 လက်ရှိကာလမှာလည်း များစွာ အကျိုး ပြုနေတဲ့ တောင်တန်း တစ်ခု ဖြစ် ပါတယ်။ ဒေသခံတွေအတွက် လိုအပ်တဲ့စားဝတ်နေရေး သစ်၊ဝါး
ဆန်စပါး အသီးအနှံ မျိုးစုံတွေ ကိုလည်း နှစ်စဉ် ထုတ်ယူနေကြရတဲ့ တောင်တန်းဖြစ်ပါတယ် ဒေသခံတွေအတွက် တန်ဖိုးကြီးလှပြီး ကျေးဇူး
လွန်စွာ မွန်မြတ်လှသော တောင်တန်းကြီးပါ။

အခုတော့ စားဝတ်နေရေးမဟုက်ပဲ ကိုယ်ကြိုးကြည့် စီးပွားရှာနေတဲ့ လူ
တစ်ချိုးတွေရဲ့လုပ်ရပ်မူးတွေကြောင့် တောင်တန်းတွေ ငိုကုန်ကြပြီ။
ပညာတက်တွေ ရှိလာပါတယ်ဆိုတဲ့ ခေတ်ကြမှ ခွဲတန်းမရှိ ကြိုက်တဲ့
နေရာမှာ စီးပွားရှာ ခုတ်ထွန်နေကြတာ အင်မတန်ဝမ်းနည်းစရာ ဖြစ်သ
လို ကျေးဇူးကန့်ကြလေသလော့။

 တို့ချစ်သောမြေဟာ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကြောင် ပျက်စီး ဆုံးရှုံးရပါတော့မယ်။အခုဆိုရင်လေမြိုမြစ်ထဲ့ကငါ့းမပြောနဲ့ဂဏန်းတောင်
လွန်စွာ ရှားပါလာရရှာတယ်။ ငယ်ငယ်တုန်းက ရွာကနေမြင်နေရတဲ့ ငါး
တွေ ရေထဲ့ဖြူနေပါရဲ့။
ရေတောင်ထိပ်က နေထွက်ရောင်ခြည်အောက်မှာ
အစာရှာစားပြီး ပျော်မြူးနေကြတဲ့ ငါ့တွေ ရေကန်ထဲ့က မွေးမြူနေတဲ့ ငါ့
ထက်တောင် ရှိနေပါရဲ့။ ခုချိန်ဆို ဘာဆိုဘာမှ မတွေ့ရသောတဲ့အနေအ
ထားမှာရှိနေပါရဲ။ ထို ငါးတွေ ဘယ်သူတွေ ဘယ်လို လုပ်ကြတာလဲ။

ခေတ်ဆိုးစနစ်အောက်မှာ နေထိုင်လာတဲ့ သူတွေ တောင်တန်းတွေကို
ရောင်းစား၊မြစ်ထဲ့က ရှိသမျှငါးတွေ ဖမ်းခိုင်း အကောက်ခံယူပြီး စီးပွား
ရှာနေတဲ့ ကိုယ်ကျိုးသမားတွေကြောင့်လို့ ပြောပါရစေ။ ခေတ်စနစ်ဆိုး
ကို အခွင့်ကောင့်ယူပြီး နယ်မြေ ကာကွယ် ထိန်းသိမ်းဖို့ ထားပါသော
ဖြစ်နိုင်ရင် ရွာက ဝါးအိမ်ဆိုးလေးလဲပြိုနေတဲ့ ဝါးခြောက်လေးတွေ
တောင် ရောင်းချင်ကြတဲ့ သူတွေချည်းပါပဲ။
ခုချိန်ထိတောင် ကိုယ့်မြေကိုယ့်ရေ ကိုယ့်လူမျိုးမှန်း နားမလည်ကြတဲ့
အဖြစ်တွေကို တွေ့မိတိုင်း ရင်လေးမိပါတယ်။

တို့ဒေသကထွက်တဲ့ ကျောက်တွေ မာကြောပေမယ့် တို့တွေရဲ့ ဘ၀ကတော့မာနိုင်တဲ့အနေအထားမှာမရှိတော့ဘူးဆိုတာ အောင်မေ့ သိကြသိကြပါစေ။ ကျွန်တော်တို့ လေမြိုံသားတွေ ချစ်သောမြေ ရေရှည်တည်တံ့ပါစေ။

အမြတ် အစွန်း ရဖို့လုပ်တဲ့ နေရာမှာ မည်သည့် အရာမှ မမှားဘူး” လို့ ခံယူထားကြတဲ့ စီးပွားရေး သမား တွေကြောင့် လေမြို ဒေသ အတွင်း မှာ ဖျက်ဆီးခံခဲ့ရတဲ့ သဘာဝ ပတ်ဝန်းကျင် တော့တောင် ရေမြေ အလှအပ တွေ ဟာ မနည်း တော့ပါဘူး။

အခုလည်း စီးပွားရေး သမားတွေကြောင့် အဖိုးတန် သဘာဝ ပတ်ဝန်းကျင် အလှအပတွေဟာ လေမြှုမြေမှာ တစ်ခုပြီး တစ်ခု ဆက်လက် ဖျက် ဆီး ခံနေကြရပါတယ်။ ခုလို ဖျက်ဆီးခံနေကြတဲ့ အတွက် ဒေသခံတွေရဲ့ လူနေမှုဘဝကို ထိခိုက်နက်နာစေပါတယ်။

ဖိုးဘွား စဉ်ဆက် ထိန်းသိမ်းလာတဲ့နယ်မြေဒေသ မထိန်းသိမ်းရင်လည်း
နေပါစေ မပျက်စီးပေးကြပါနဲ့။ ဖိုးဘွားတွေ ရွေ့ပြောင်းတောင်ယာ လုပ်
ကိုင်စားသောက်နေကြပေမယ့် သူတို့ နယ်မြေကို ချစ်ကြတယ် မြတ်နိုး
ကြတယ်၊တန်ဖိုးထားကြတယ်၊ မရောင်းစားကြပါဘူး။ ရိုးသားကြတယ်
ဖြူစင်ကြတယ်၊ နယ်မြေကို သစ္စာ နဲ့စောင့်ထိန်းကြတယ်။

ဒီခေတ်ကြီးကျမှ နယ်မြေရောင်းစားတယ်ဆိုတာ ပညာတွေသင်လာခဲ့တဲ့
အနှစ်သာရဟာ ပညာတွေတက်လာကြတဲ့ အကျိုးဟာ နယ်မြေနဲ့ လူမျိုး
အတွက် အကျိုးဆိုးစေမယ့် ပညာတွေ မဖြစ်ကြပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းပါတယ်။

လေးစားလျက်
လေမြိုးသား၊ ဆလိုင်း ထန်ဆန်း
Photo crdပေးသည်။

လွတ်လပ်ရေး ကြေညာ စာတမ်း (၁၉၄၈)

လွတ်လပ်ရေး ကြေညာ စာတမ်း (၁၉၄၈)

မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခု၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် လွတ်လပ်ရေး ကြေညာ စာတမ်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။ လွတ်လပ်ရေး ကြေညာ စာတမ်း
အောင်စေသတည်း

  • (၁) မြန်မာ သက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသို လဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ် သန့်စင် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော
    အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အဖြစ်သို့
    ရောက်ပြီ။

  • (၂) ဤငါတို့ မြန်မာ နိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံ လှ၍ ဘူမိနက်သန် မှန်သော မြေထူး မြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့ တည်ရာ မြေကောင်း မြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင်
    အထူးထူးသော ရတနာ အပေါင်း တို့နှင့် ပြည့်စုံ သဖြင့် သတ္တဝါ အပေါင်းတို့
    ဆွတ်ယူ စားသုံး ကမ္ဘာ ဆုံးသော်လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ
့ကယ်ဝ ပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်
    မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ စသည့်ဖြင့် တသွေးတသား တမိဘွား
    ဖြစ်ကြ ကုန်သော ငါတို့သည် နှစ်ပေါင်း ထောင်ရာ သင်္ချာ ပွားတက်
    ရေတွက်ခြင်းငှာ မတတ် နိုင်ရာသော ရာဇဝင် ရှည်ဝေး ရှေးပဝေသဏီ မှစ၍ တညီတညွှတ်
    တစုတရုံး လွတ်လပ်သော လူမျိုး အဖြစ် တည်ခဲ့ ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊
    ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေး
    အထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင် လဝါ ပမာကဲ့သို့ တဖြာဖြာ တဝင်းဝင်း
    ကမ္ဘာချဉ်းအောင် ထွန်းလင်း ခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ တန်ဆာ ကာလ အသင်္ချေ တည်နေ
    အပ်သော နေမင်း သူရိယ လစန္ဒာ တို့ပင် ဆီးနှင်းမြူ တိမ်ဖုံး အုပ်၍ ခဏ ခေတ္တ
    အရှိန်အဝါ ညှိုးလျော် နွမ်းလျ မထွန်းမပ ဖြစ်ဘိ သကဲ့သို့ ငါတို့၏
    လွတ်လပ်သော မြန်မာ နိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်း လေးရာခန့်က
    ဥရောပ တိုက်မှ ထွက်ပေါ် လာ၍ တကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံး ခဲ့သော နယ်ချဲ့
    ဝါဒနှင့် မရှောင် မကွင်းသာ ကြုံကြိုက် ဆုံတွေ့ မိ၍ ပထမ အင်္ဂလိပ် - မြန်မာ
    စစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် - မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယ
    အင်္ဂလိပ် - မြန်မာ စစ်၌ မန္တလေး ရတနာပုံ သုံးကြိမ် သုံးတန် ချအပ်
    ရခြင်းဖြင့် ဤမြေထူး မြေမြတ်၌ နှစ်ပေါင်း ထောင်ရာ စောင့်ထိန်း၍ လာခဲ့
    ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့ လက်မှ လွတ်၍ လက်အောက်ခံ ဘဝသို့ လုံးဝ
    ရောက်ခဲ့ ကြရသည်။ သို့သော် နေမင်း သူရိယ လစန္ဒာ တို့ကို ဆီးနှင်း မြူတိမ်
    တို့သည် မည်သိုပင် ဖုံးလွှမ်း စေကာမူ နေ လ တို့၏ အရှိန်အတောက်ကို မခံနိုင်
    ရကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေး မှာပင်
    အလိုအလျှောက် ကွယ်ပျောက် သွားရ သဖြင့် ဤနေ့ ဤအခါ မှစ၍ ငါတို့သည် အသူရိန်
    ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက် အပ်သော လပြည့် စန်းပမာ သန့်ရှင်း
    စင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝ လွတ်လပ်သော ဘဝထူး ဘဝမြတ်ကို လက်ဆုပ်
    လက်ကိုင် အပိုင် ရရှိ ကြပြီ။

  • (၃) ယခု ငါတို့ရရှိ အပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေး ကောင်းကင် တိမ်ရိပ် ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်၊ ငါတို့အား လွတ်လပ်ရေး လမ်းစဉ်သို့ ညွှန်လည်း ညွှန်ပြ လမ်းစ ရှာကြံ အမြန် ရောက်အောင်
    ပို့ဆောင် ခဲ့ကြ ပေသော ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး
    ခေါင်းဆောင် တို့၏ မဆုတ် မနစ်သော လုံ့လ မလျော့သော ဝီရိယ ဆီမီး တန်ဆောင်
    ကဲ့သို့ ထွန်းပ အပ်သော ဉာဏ်မျက်စိ ဝဇီရ စိန်သွား ကဲ့သို့ စူးရှသော သတ္တိ
    တို့ကြောင့် အဟံမမ သံပကြုံးဝါး အခြား အခြား လွတ်လပ်သော နိုင်ငံကြီး
    တို့နှင့် တန်းတူ မြူတခြမ်းမျှ မလျော့မလို ထိုထို သို့သော တန်ခိုး ရှိန်ဝါ
    တေဇော အပေါင်း တို့နှင့် ပြည့်စုံသော အချုပ်အခြာတည်း ဟူသော အာဏာထူး
    အမြတ်ကို ငါတို့ လက်ကိုင် အပိုင် ရရှိ ကြပြီ။

  • (၄) ငါတို့သည် တမျိုး ဘာသာ တစိတ် တဒေသ၏ ကောင်းကျိုး ချမ်းသာကို မလိုလား ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလို မရှိ မြစ်ချောင်း သီတာ သမုဒ္ဒရာ တောင်တန်း တို့ဖြင့် ကမ္ဘာ့ ဓမ္မတာ သဘာဝ
    အပိုင်းအခြား ထင်ရှားစွာ သတ်မှတ် အပ်သော ရာဇဝင် ရှည်ဝေး ရှေးပဝေ သဏီ မှစ၍
    ယခု ထက်တိုင် မြန်မာ နိုင်ငံသားဟု သမုတ် အပ်သူ တိုင်းရင်းသား အပေါင်းတို့
    ဇာတိ ချက်ကေ့ နေထိုင် မြန်မာ နိုင်ငံတော် တဝှမ်းကို တသွေးတသား တည်းဟူသော
    ကြိုးထူး၊ တစိတ် တဝမ်းတည်း ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့
    ဖြင့်သာလျှင် ရစ်ပတ် ဖွဲ့စည်း အပ်သော ပြည်ထောင်စု အဖြစ်ကို လက်ဆုပ်
    လက်ကိုင် ငါတို့ အပိုင် ရလေပြီ။

  • (၅) ငါတို့ နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့ တသင်း၏ အမွေအနှစ် မဟုတ်၊ မည်သူ တဦးတယောက် တဖွဲ့ တသင်း၏ ပုဂ္ဂလိက အပိုင် ပစ္စည်း မဟုတ်၊ မည်သူ တဦး တဖွဲ့ တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုး ခံစား
    အပ်သော နိုင်ငံ မဟုတ်၊ အတိတ် ကာလက ၎င်း၊ ယခု မျက်မှောက် က၎င်း၊ နောင်လာ လတ္တံသော
    အနာဂတ် ကာလ၌ ၎င်း၊ ငါတို့ ပြည်ထောင်စုကြီး အတွင်း၌ မှီတင်း နေထိုင် ကြသော
    ကြီးငယ် ဝေးနီး ကျား မ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ ဒို့၏
    အမွေအနှစ် အပိုင် ပစ္စည်း အကျိုး ခံစာား ဖြစ်သည် ဟူသော လူ့ ဘာသာ လူ့
    တရားနှင့် အညီ ကမ္ဘာဦး ကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်း တို့၏ သဘော ဆန္ဒ
    အရ လူ အဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက် နိုင်အံ့သော ပုဂ္ဂိုလ်ကို
    ရွေးကောက်၍ သမ္မတ တင်မြောက် ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်း
    ဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်စွာ စည်းကမ်း ဥပဒေ သေချာ ထင်ရှားစွာ
    ပိုင်းခြား သတ်မှတ် တူညီသော တရား တူညီသော အခွင့်အရေး တူညီသော အဆင့်အတန်း
    အားဖြင့် ကမ္ဘာ အရှည် တည်စိမ့် သောငှာ လူအပေါင်း တို့၏ ဆန္ဒ သာလျှင် အဓိက
    ဖြစ်သော သမ္မတ မြန်မာ နိုင်ငံတော်တည်း ဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်
    လက်ကိုင် ငါတို့ အပိုင်ရပြီ။

  • (၆) သိကြ ကုန်လော့၊ ယနေ့ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ဤအချိန် မှစ၍ ငါတို့၏ မူလ အပိုင် ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ ပြန်၍ ယူပြီ။ တိုင်းရင်းသား အပေါင်းတို့ သွေးစည်း ညီညွတ်လျှက် အခွင့်အရေး အဆင့်အတန်း
    တူညီသည့် ပြည်ထောင်စု သမ္မတ နိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့
    လွတ်လပ်ရေးနှင့် ငါတို့ နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာ ဆုံးတိုင်
    မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သော နိုင်ငံ ဖြစ်သည်နှင့် အညီ
    ကမ္ဘာ့ လွတ်လပ်သော နိုင်ငံ အပေါင်းတို့ တရား သဖြင့် ကျင့်ဆောင် အပ်သော
    ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို ငါတို့
    ချစ်မြတ်နိုး သည်နှင့် အညီ တပါး သူတို့၏ လွတ်လပ်ရေး ကိုလည်း ငါတို့လေးစား
    စောင့်စည်းမည်၊ ငါတို့သည် ငြိမ်းချမ်းရေးကို အလို ရှိသည်နှင့် အညီ ငါတို့
    ကဲ့သို့ လိုလား သူများနှင့် အတူ လက်တွဲ၍ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ကာကွယ်
    စောင့်ရှောက်မည်။

ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေ သတည်း။

ကိုးကား

  1. ၂၀၀၀ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း
    အဘိဓာန်' မှ
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ponglong News[chin state] - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger