Latest Movie :

""ကမ္ဘာမကြေတဲ့ချင်း ရဲ့ မှာတမ်းတေး""


""ကမ္ဘာမကြေတဲ့ချင်း ရဲ့ မှာတမ်းတေး""
==============================
ဒီမှာ ချင်းသမ္မတကြီး
ခင်များကို ကျုပ်တို့ချင်းတွေ
ဆိုင်သာဆိုင် မပိုင်တော့ဘူး သိလား
ခံနိုင်ရည်ရှိသလောက် ရိုးသားလိုက်ပါ
သမိုင်းမှာချင်းတွေရဲ့သစ္စာမျိုး ကိုပြဖို
အချိန်ခဏအခွင့်ရှိတုံးလေးပေါ့ဗျာ
ခင်များကို ဆဲမှာပဲ ဝေဖန်မှာပဲ
ခံရလဲ ကျေးဇူးတော်ချီမွမ်း
စံနေရလဲ အလိုတော်ဝန်ခံ
ပြည်ထောင်စုထဲက ချင်းသွေး
မြန်မာပြည်အတွက် စီးပေးလိုက်ပါ
လိပ်ပြာမလှသူ မလိုသွေးထိုးသူများ
နာကျင်ဆင်းရဲသူ ချမ်းသာမိန်းမောသူ
အဏာမက်သူ အခွင့်အရေးမဲ့သူတွေအတွက်
သိက္ခာတွေအဖက် ဆယ်ပေးလိုက်ပါ
ခဏလေးပဲ သည်ခံလိုက်ပါ
တိုးတိုးလေးပဲ ဘုရားစာဆိုပေးပါ
တိတ်တိတ်လေးပဲ မျိုးချစ်ပေးပါ
စစ်မီးတရားခံလို့ လက်ညိုးထိုးမှာစိုးလို့ပါ
အဲဒိအတွက် ပေးဆပ်မူတွေအတွက်
ကျုပ်တို့ ချင်းတွေလက်တွေဆုတ်လို့
မြန်မာ့နိုင်ငံက ချင်းသမတ္တကြီးကို
ဘုရားသခင် ကူညီစောင့်မဖို့
မြန်မာပြည်ကြီးငြိမ်းချမ်း တိုးတတ်ဖို့
အော်ဟစ် ဆုတောင်းပေးနေမယ် ....။
မြန်မာ့သမိုင်းထဲ ချင်းတွေ မရိုင်းခဲ့ဘူး
မြန်မာရာဇဝင် ချင်းတွေ ထင်ကျန်တွင်
ရင်နာနာနဲ့ ချင်းမျိုးတွေ အသက်ပေး
မြန်မာပြည်အပေါ် ရိုးသားခဲ့တာ
ဘိုးဘွားအမွေကို ထိမ်းသိမ်းသလို
အစဉ်အလာအရ သစ္စာရှိပေးပါ
ကျုပ်တို့ချင်းပြည်နယ်ကြီးမှာ''
ကတ္တရားလမ်းတွေ မရှိသေးလဲရတယ်
ကျောင်းတွေ မလာက်လဲ ရတယ်
ဆေးရုံတွေ နည်းလဲ အဆင်ပြေတယ်
လျှက်စစ်မီးမရှိသေးလဲ နေတတ်သေးတယ်
တိုင်းတစ်ပါးမှာ ကျွန်ခံ မှိခိုရလဲ ခံနိုင်သေးတယ်
တကယ်ကို ကြောက့်ရွံ ငတ်မွတ်နေတဲ့
တိုင်းရင်းသားသွေးချင်းတွေရဲ့ ရင်ထဲ
ပညာရေး ကျန်မားရေး ငြိမ်းချမ်းရေးတွေ
တန်တူအခွင့်အရေးနဲ့ ပင်လုံစိတ်ဓါက်ကိုပဲ
ပြန်အသက်သွင်းပေးပါ
ဟုတ်တယ်
တကယ်အမှန်ဆုံး သက်မှက်ချက်ပဲ
ကျုပ်တို့ချင်းတွေ ဆင်းရဲတယ်ဗျာ
ချင်းတို့ဒေသ ဝိသေသတိုင်းမှာ
အတ္တ မာန်မာနတွေ ရောင်းဖို့မရှိဘူး
မတူညီခွဲခြားမူ့ ထွက်ကုန်တွေမရှိဘူး
အမုန်းတရား မသမာပို့ကုန်တွေ မရှိဘူး
ဒါကြောင့် ဘယ်သူမှ ရန်မလိုဘူး
ဖုန်ထတဲ့လမ်းကို ကဗျားရေး
ရနံ့မဲ့တဲ့ ပန်းတောင်ဇလပ်ပွင့်လို့
ချင်းမျိုးကွဲတွေနဲ့ စုစည်းကာစည်းဝေး
စကားကွဲအလှတွေ အသည်းပုံ ရေကန်
ခေါနူသုန်တောင်မြင့် ဘုံတလာရေတစ်ခွန်
အအေးလွန်တိမ်တွေကြားကအလင်းစက်နဲ့
စိမ်းလန်းတဲ့အလှကို နတ်ဘုံနတ်နန်းတွေ
ခတ်မိမြို့ပြစနစ်တွေ ခရိုနီ အိမ်ရာမဖြစ်သေးလို့
ကြံဖန်ကျေးဇူးတင် တောင်တန်းမြေအေးရိပ်မှာ
ချင်းတွေံ ရိုးရာထိမ်းသိမ်းရင်း ဆင်းရဲမူ့ဆိုတာ
ကြိုးစားမူ့ရဲ့အစလို့ ဇိမ်ခံအတွေး ခံယူစိတ်ထားလို့
နေပျော် သေပျော်ကြပါတယ်။
မျိုးစောင့်ဥပဒေ မလိုအပ်တဲ့
အောက်ချင်းငှက်လို သစ္စာမျိုးနဲ့
ဆလိုင်းနဲ့ မိုင် လက်တွေခိုင်ပြီး
ဆိုင်သူပဲလက်ထပ်တဲ့ ပညက်ကို
ရှေးဓလေ့ရိုးရာနဲ့ အတူထိမ်းသိမ်းရင်း
ဝါလုံးခင်းကတဲ့ စည်းချက်နဲ့
မာယာမပါ မူယာမပို တဲ့ သတင်း
ကမ္ဘာကိုဖြန့်ခင်းပြန့်လွင့် တည်တံ့ပါစေဗျာ
'''ချင်းတွေက'''
ခဏခဏ ထမကြည့်ချင်လို့
(ဟောင်တတ်တဲ့ကောင်တွေ)ပါ
ဟောင်ကောင်သားလဲစားတယ်
ရိုးရာ နတ်ဘုရားဝိညဉ်တွေ ပသပူဇော်
ခေါင်ရည်ချိုသောက်ကာ ပျော်တတ်လို့
လူရိုင်းလို အမြင်မျိုးတွေနဲ့ အလည်လာသူကို
ပြုံးပြဆတ်ဆံ အိမ်ပြန်နုတ်ဆတ်ချိန်မှာတောင်
လက်ဆောင်တွေ ပွေ့ပိုက်ပြန်သွားမှ
ကျေနပ်လို့ ပိတိစာပြီးလွမ်းတတ်တဲ့အလှကို
ဘယ်မှာ ရေးသားသလဲလို့ ရှာပေးပါလားဗျာ
''ချင်းလူမျိုးဆိုတာ''ကလေ
သိမ်းဖျင်းတဲ့အတွေးတွေနဲ့ မှိန်ပြီးမနေဘူး
အပျင်းကြီးပြီး မိုးခါးရေလိုက်မသောက်ဘူး
မကောင်းရင် ကိုယ့်ပေါင်ကိုလဲ လှန်းထောင်း
နာစရာကို သတိရ ပြန်နိုး ပြန်ထတဲ့ဘဝမျိုး'''
''ချင်းဆိုတာ''ကိုယ်ထူကိုယ်ထ တဲ့အလင်းနဲ့
ပြည်ထောင်စုကိုထွန်ညှိး သမိုင်းသစ္စာရှိတာကို
တို့သွေးခြင်းတွေ ယုံစေချင်တယ်
( ဆလိုင်းရဲပီကျင် )
Credit

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ponglong News[chin state] - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger