Latest Movie :

#ဖုန်းလောင်ဒေသ(ခေါ်)လေမြိုဒေသဆီသို့ စာစောင်။

ဒီတောင်ဒီမြစ်ဟာ ဒေသခံတွေ အတွက် သမိုင်းဆိုင်ရာ အရသာမဟုတ်
ပြောလို့မရပါဘူး။ ဒေသခံတွေရဲ့သမိုင်းပေါင်းများစွာနဲ့ အတူ ရှိလာခဲ့တဲ့
မြစ်ချောင်းနှင့်တောင်တန်းကြီးတွေပါ။

 လက်ရှိကာလမှာလည်း များစွာ အကျိုး ပြုနေတဲ့ တောင်တန်း တစ်ခု ဖြစ် ပါတယ်။ ဒေသခံတွေအတွက် လိုအပ်တဲ့စားဝတ်နေရေး သစ်၊ဝါး
ဆန်စပါး အသီးအနှံ မျိုးစုံတွေ ကိုလည်း နှစ်စဉ် ထုတ်ယူနေကြရတဲ့ တောင်တန်းဖြစ်ပါတယ် ဒေသခံတွေအတွက် တန်ဖိုးကြီးလှပြီး ကျေးဇူး
လွန်စွာ မွန်မြတ်လှသော တောင်တန်းကြီးပါ။

အခုတော့ စားဝတ်နေရေးမဟုက်ပဲ ကိုယ်ကြိုးကြည့် စီးပွားရှာနေတဲ့ လူ
တစ်ချိုးတွေရဲ့လုပ်ရပ်မူးတွေကြောင့် တောင်တန်းတွေ ငိုကုန်ကြပြီ။
ပညာတက်တွေ ရှိလာပါတယ်ဆိုတဲ့ ခေတ်ကြမှ ခွဲတန်းမရှိ ကြိုက်တဲ့
နေရာမှာ စီးပွားရှာ ခုတ်ထွန်နေကြတာ အင်မတန်ဝမ်းနည်းစရာ ဖြစ်သ
လို ကျေးဇူးကန့်ကြလေသလော့။

 တို့ချစ်သောမြေဟာ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကြောင် ပျက်စီး ဆုံးရှုံးရပါတော့မယ်။အခုဆိုရင်လေမြိုမြစ်ထဲ့ကငါ့းမပြောနဲ့ဂဏန်းတောင်
လွန်စွာ ရှားပါလာရရှာတယ်။ ငယ်ငယ်တုန်းက ရွာကနေမြင်နေရတဲ့ ငါး
တွေ ရေထဲ့ဖြူနေပါရဲ့။
ရေတောင်ထိပ်က နေထွက်ရောင်ခြည်အောက်မှာ
အစာရှာစားပြီး ပျော်မြူးနေကြတဲ့ ငါ့တွေ ရေကန်ထဲ့က မွေးမြူနေတဲ့ ငါ့
ထက်တောင် ရှိနေပါရဲ့။ ခုချိန်ဆို ဘာဆိုဘာမှ မတွေ့ရသောတဲ့အနေအ
ထားမှာရှိနေပါရဲ။ ထို ငါးတွေ ဘယ်သူတွေ ဘယ်လို လုပ်ကြတာလဲ။

ခေတ်ဆိုးစနစ်အောက်မှာ နေထိုင်လာတဲ့ သူတွေ တောင်တန်းတွေကို
ရောင်းစား၊မြစ်ထဲ့က ရှိသမျှငါးတွေ ဖမ်းခိုင်း အကောက်ခံယူပြီး စီးပွား
ရှာနေတဲ့ ကိုယ်ကျိုးသမားတွေကြောင့်လို့ ပြောပါရစေ။ ခေတ်စနစ်ဆိုး
ကို အခွင့်ကောင့်ယူပြီး နယ်မြေ ကာကွယ် ထိန်းသိမ်းဖို့ ထားပါသော
ဖြစ်နိုင်ရင် ရွာက ဝါးအိမ်ဆိုးလေးလဲပြိုနေတဲ့ ဝါးခြောက်လေးတွေ
တောင် ရောင်းချင်ကြတဲ့ သူတွေချည်းပါပဲ။
ခုချိန်ထိတောင် ကိုယ့်မြေကိုယ့်ရေ ကိုယ့်လူမျိုးမှန်း နားမလည်ကြတဲ့
အဖြစ်တွေကို တွေ့မိတိုင်း ရင်လေးမိပါတယ်။

တို့ဒေသကထွက်တဲ့ ကျောက်တွေ မာကြောပေမယ့် တို့တွေရဲ့ ဘ၀ကတော့မာနိုင်တဲ့အနေအထားမှာမရှိတော့ဘူးဆိုတာ အောင်မေ့ သိကြသိကြပါစေ။ ကျွန်တော်တို့ လေမြိုံသားတွေ ချစ်သောမြေ ရေရှည်တည်တံ့ပါစေ။

အမြတ် အစွန်း ရဖို့လုပ်တဲ့ နေရာမှာ မည်သည့် အရာမှ မမှားဘူး” လို့ ခံယူထားကြတဲ့ စီးပွားရေး သမား တွေကြောင့် လေမြို ဒေသ အတွင်း မှာ ဖျက်ဆီးခံခဲ့ရတဲ့ သဘာဝ ပတ်ဝန်းကျင် တော့တောင် ရေမြေ အလှအပ တွေ ဟာ မနည်း တော့ပါဘူး။

အခုလည်း စီးပွားရေး သမားတွေကြောင့် အဖိုးတန် သဘာဝ ပတ်ဝန်းကျင် အလှအပတွေဟာ လေမြှုမြေမှာ တစ်ခုပြီး တစ်ခု ဆက်လက် ဖျက် ဆီး ခံနေကြရပါတယ်။ ခုလို ဖျက်ဆီးခံနေကြတဲ့ အတွက် ဒေသခံတွေရဲ့ လူနေမှုဘဝကို ထိခိုက်နက်နာစေပါတယ်။

ဖိုးဘွား စဉ်ဆက် ထိန်းသိမ်းလာတဲ့နယ်မြေဒေသ မထိန်းသိမ်းရင်လည်း
နေပါစေ မပျက်စီးပေးကြပါနဲ့။ ဖိုးဘွားတွေ ရွေ့ပြောင်းတောင်ယာ လုပ်
ကိုင်စားသောက်နေကြပေမယ့် သူတို့ နယ်မြေကို ချစ်ကြတယ် မြတ်နိုး
ကြတယ်၊တန်ဖိုးထားကြတယ်၊ မရောင်းစားကြပါဘူး။ ရိုးသားကြတယ်
ဖြူစင်ကြတယ်၊ နယ်မြေကို သစ္စာ နဲ့စောင့်ထိန်းကြတယ်။

ဒီခေတ်ကြီးကျမှ နယ်မြေရောင်းစားတယ်ဆိုတာ ပညာတွေသင်လာခဲ့တဲ့
အနှစ်သာရဟာ ပညာတွေတက်လာကြတဲ့ အကျိုးဟာ နယ်မြေနဲ့ လူမျိုး
အတွက် အကျိုးဆိုးစေမယ့် ပညာတွေ မဖြစ်ကြပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းပါတယ်။

လေးစားလျက်
လေမြိုးသား၊ ဆလိုင်း ထန်ဆန်း
Photo crdပေးသည်။
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ponglong News[chin state] - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger