နူနာစွဲသော လူနာလို မိမိအနာကို ကုတ်ဖဲ့သာယာ နေသကဲ့သို့။
အာဏာ မှာ သာယာစွာ တမျိုးသားလုံးကို သွေးတွေ ရွှဲနစ်အောင် ကုတ်ဖဲ့နေကြ။ ဒင်းတို့မျက်နှာတွေ ၀ိဘစ္ဆရသမြောက်အောင်
နှစ်တွေမကုန်မခမ်းလှနေတာ ချိုး(ဂျိုး)ငှက်လေး သံလွင်ခတ် မကိုက်ချည်နိုင်သေး။
မငြိမ်းနိုင်သေးတဲ့ မီးအတွက် ဘယ်မှာ ကောက်သင်ကောက်ရမလဲ။
နီးသလိုလို ဝေးနေတဲ့ လွင်ပြင်ရေ အတက်အဆင်းတိုင်း...
ထုံကျဉ်ကိုက်ခဲ နေတဲ့ နှုတ်ခမ်းတွေက
သွေးမခြောက်သေး တဆာဆာအော် ငြိမ်းချမ်းရေး....။
အမြီးပေါက်နေတဲ့ ဂျပိုးတွေက တမျိုးသားလုံးကို သွေးစုပ်။
သံယံဇာတတွေ လက်ဝါကြီးအုပ်တယ်
လယ်ပျောက် တော တောင် သစ် အိမ်ယာတွေပျောက်ပြီးးး
စီမံကိန်းတွေနဲ့ မဟာတရား နိုင်လိုမင်ထက်ပြုတယ်
လက်ညှိုးညွှန်ရာ တိုင်း သေစေသတဲ့
ခါးသီးမှု့တွေအရှိန်နဲ့လိမ့်ဆင်းရပြီ ။
ပြောင်သလင်းခါနိုင်ငံအတွက် ငြိမ်းချမ်းရေမရှိသေးဘူးလား။
ပုပ်ပဲ့နေတဲ့ အာဏာရှင်တွေ ဘယ်အချိန်ကြွေမှာလဲ။
အငတ်ဘေး လောကဓံနဲ့ ငြိမ်းချမ်းရေးကငိုနေတယ်။
လမ်းအသေတွေနဲ့ နေ့သစ်တွေ မဖွင့်ချင်တော့ဘူး။
ကိုယ့်အသက်ထက်ငြိမ်းချမ်းရေးကိုမြတ်နိုးတယ။်
အစောတလျင်နေ၀င်ခြင်းကို လက်ခံလို့မရဘူး တိုက်မယ်
မသေမခြင်း ငြိမ်းချမ်းရေးအတွက်တိုက်မယ်။
ဒီတိုက်ပွဲအတွက် ပျော်ရွှင်ကြောင်း လက်မှတ်ထိုးဖို့ လိုအပ်ရင်
နှလုံးသွေးနဲ့ ရေးပေးလိုက်မယ် လူသားတိုင်းအတွက် ငြိမ်းချမ်းရေး။
တော်လှန်ရေး မော်ကွင်း
Photo credit
Post a Comment