ချင်းလူမျိုးများ စိတ်ဝမ်းမကွဲပဲ ညီညာစည်းလုံးကြစို့။
~~~~~~~~~~~~~~~~~~~
တောင်ပိုင်းမြောက်ပိုင်းဟူ၍ ပြောဆို သုံးနုန်းခြင်းသည် ချင်းလူမျိုးများ
နားလည်မူးလွဲ၍ စည်းလုံးရေး ပျက်ပြားပြီး စိတ်ဝမ်းကွဲစေသည့် အဆင့်
ထိရောက်နေသည်ကို တွေ့နေရသည်။ တောင်းပိုင်း မြှောက်ပိုင်း ဟူ၍သုံး
နူန်းခြင်းသည်၊ ပထဝီ မြေကြီး၏အနေအထားအရ ခေါ်ဆိုသုံးနုန်းခြင်းဟု
ကျွန်တော် ယူဆသည်။ ကျွန်ပ်တို့ ချင်းလူမျိုးများတွေဟာ တောင်ပိုင်း
မြှောက်ပိုင်း ဟူ၍ သုံးနုန်းခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကွဲလွဲနေတာ
ကို တွေ့နေရသည်။ ကမ္ဘာမြေကြီး၏အနေအထားအရဖြစ်ဖြစ်၊ဒေသအလို
က်အနေထားရဖြစ်ဖြစ် အရှေ့အနောက် တောင် မြှောက် ကို နိုင်ငံတိုင်း
ပြည်နယ်တိုင်းမှာ ခေါ်ဆို သုံးနူန်းလျှက်ရှိသည်။ ၎င်းသုံးနူန်းခြင်းသည်
ထိုပြည်နယ် ထိုဒေသမှာ ရှိသော လူမျိုးကိုအခြေခံ၍ ခေါ်ဆိုခြင်းမဟုက်
ပေ၊ ဒေသ၏ အနေအထားအရ ခေါ်ဆိုခြင်းသာ ဖြစ်သည်ကို ချင်းလူမျိုး
တိုင်း နားလည်သဘောပေါက်စွာနဲ့ စည်းလုံးခြင်းသို့ အတူတကွ လူမျိုး
အတွက် ရှေ့ဆက်အလုပ်လုပ်သွားရန် လိုအပ်သည်။
မျိုးနွယ်စုနှင့် ချင်းလူမျိုး
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေထဲကမှ ချင်းလူမျိုးတွေဟာ မျိုး
နွယ်စုငယ်တွေနဲ့ အကွဲပြားဆုံး လူမျိုးတစ်မျိုးဖြစ်သည်ကို အဓိက နား
လည်သဘောပေါက်နိုင်ရမည်။မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးများ
အလိုက် အစို့ရ အဆက်ဆက်တွင် ထုက်ပြန်ချက်တွင် ချင်းလူမျိုးတွေ
ဟာ (၅၃)မျိုးနွယ်စုနေထိုင်တာကို တွေ့ရသည်၊ သိုသော် ကျွန်တော်
အမြင်အရ ချင်းလူမျိုးတွေဟာ (၅၃)မျိုးနွယ်စုထက်ပိုမို များပြားလျက်
ရှိနေသည်ကို ကောက်ချက်ချရမည်။ တစ်မြို့နယ်နဲ့ တစ်မြို့နယ် တော်
တော်လေး ဘာသာစကား ကွဲလွဲနေသည်ကို လည်းတွေ့နေပါတယ်။
တောင်ပေါ်ဒေသတွင် တောင်တစ်တောင်ခြားနားပြီး နေလျှက်ရှိသော
ရွာတွေ တစ်ရွာနဲ့တစ်ရွာ တောင် စကားကွဲလျက်ရှိသည်ကို မြင်နေရ
ပါတယ်။ သိုသော် ငါဟာ ချင်းလူမျိုးနွယ်စုထဲ့ကမှ ချင်းလူမျိုးပါ ဆိုတဲ့
စိတ်အပြည့်ရှိနေရပါမည်။ အထူးသဖြင့် တောင်းပိုင်း/မြှောက်ပိုင်း မြေပြန့်
(အရို)ဟူ၍ ခွဲခြားဖိုး မလိုပါ်။ အကွဲပြားဆုံး လူမျိုးကနေ အစည်းလုံး
ဆုံး လူမျိုးဖြစ်လာဖို့ ချင်းလူငယ်တိုင်း မှာ တာဝန်အပြည့်ရှိနေတယ်
လို့ ကျွန်တော်မြင်သည်။
တစ်ချိုးလူငယ်တွေ လူကြီးတွေရော့ မျိုးနွယ်စုကိုကြည့်ပြီး ချင်းအချင်းချင်း ခွဲခြား ဆက်ဆံမူးတွေ ပျတ်ပြားလာတာ မြန်မာနိုင်ငံမှာ
ဖြစ်ဖြစ် တခြားသော နိုင်ငံမှာလည်းဖြစ်ဖြစ် တော်တော်လေး တွေ့ နေရ
တယ်။ ဥပမာ >> ပလက်ဝမှာ ဟာ ငါက ခူမီး ငါကလေမြို အဲလိုပုံစံ
မျိုးနဲ့ ရှိနေကြတာ တွေ့ရတယ်။ ဟားခါးလည်းတွေ့ရတယ် ဖလမ်းလည်း
တွေ့ရတယ်။ မင်းတပ်လည်းတွေ့ရတယ်၊ ကန်ပလက်လည်း တွေ့ရတယ် အဲသော မျိုးနွယ်စုထဲကမှ ငါက ဟိုမျိုးနွယ်စု ဒီမျိုးနွယ်စု
လို့တစ်ချိန်လုံး လုပ်နေရင် ဘယ်မှာ ချင်းလူမျိုး စည်းလုံးနိုင်မှာလဲ
ဘယ်က တိုးတက်လာမှာလဲ အဲဒါတွေဟာ အဓိပ္ပာယ် မရှိတဲ့ အတွေ့အခေါ်လို့ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်။ အားစိုက်ကြတာ
မျိုးနွယ်စုအရေး မလုပ်နဲလို့ မဆိုလိုပါဘူး မခွဲခြားဖို့ ပြောတာပါ။
တစ်ချိုးတွေက မျိုးနွယ်စုအရေးလုပ်ကြတယ် ပြီးသော ခွဲခြား ဆက်ဆံ
မူးတွေ ပျက်ပြားအောင် တရားတွေဟောနေတာ ကျွန်တော် လက်တွေ့
အတွေ့အကြုံပါ။ မျိုးနွယ်စုအရေးကိုသော အသကုန် ဟောတာ လူမျိုး
အတွက် စည်းလုံးခြင်းဆိုတဲ စကားလုံး လုံးဝ မထွက်နိုင်ဘူး ဖြစ်နေကြ
တာ၊ အမျိုးသားရေး ဝေးသေး၊ ကျောခိုင်းကြတယ်။တစ်ကယ်သော
အမျိုးသားရေး အားကောင်းမှ ပြည်နယ်နဲ့ လူမျိုးအတွက်အကျိုးရှိလာ
မယ် မျိုးနွယ်စုအရေးလည်း တဖြည်းဖြည်း ပါလာမှာပဲ မဟုက်လား။
အမျိုးသားရေး အားကောင်းဖိုး အရေးမကြီိးဘူးလား။ အမျိုးသားရေး
အားကောင်းမှ စည်းစည်းလုံးလုံးနဲ့ ပြည်နယ်ရေးတွေ ဒေသအရေးတွေ
အတူလက်တွဲပြီး တိုးတက်ရာ တိုးတက်ကြောင့်ကို ရှေ့ဆက် နိုင်ကြမှာ
မဟုက်ဘူးလား။ မျိုးနွယ်စုအရေးနဲ့ ခွဲခြားဆက်ဆံမူးတွေ မဟုက်ပဲ
လူမျိုးအတွက် အကျိုးရှိစွာ အလုပ်လုပ်နိုင်ဖိုး ကြိုးစားကြရအောင်လား။
ဒီလို မျိုးနွယ်စုအရေး တောင်ပိုင်းျြေမာက်ပိုင်း ခွဲခြားနေသရွေး
သူတပါး၏ အထင်သေးခြင်း တစ်ခြားလူမျိုး၏စိုးမိုးခြင်းကို ခံရပါလိမ့်မည်။ တစ်ချို့လူမျိုးစုတွေဆိုရင်လူမျိုးကြီးဝါဒရဲ့ဝါးမျိုခြင်းခံရလို့ပျောက်ကွယ်သွားတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ချင်းလူမျိုးတွေလည်းလူမျိုးကြီးဝါဒကြောင့်ကွယ်ပျောက်သွားနိုင်ပါတယ်။ ဥပမာအားဖြင့်ချင်းပြည်နယ်မဖွံ့ဖြိုးလို့နိုင်ငံရပ်ခြားထွက်အလုပ်လုပ်ကိုင်နေရခြင်းတွေလည်းပါဝင်တယ်။အရေးကြီးဆုံးမိမိလူမျိုးမိမိပြည်နယ်(Mother land) ကိုတန်ဖိုးထားချစ်တတ်ဖို့အရေးကြီးပါတယ်။အထူးသဖြင့်ကျွန်တော်ချင်းလူငယ်တွေမှာအထူးတာဝန်ရှိပါတယ်။ ကိုယ့်လူမျိုးရိုးရာယဉ်ကျေးမှုအမွေအနှစ်များစောင့်ရှောက်ထိန်းသိမ်းဖို့။ မိမိလူမျိုးအချင်းချင်းရှိုင်းပင်းကူညီကြဖို့အင်မတန်အရေးကြီးပါတယ်။လူမျုးနွယ်စုငယ်စိတ်တွေမျိုးနွယ်စုစိတ်ဓာတ်တွေကိုမမွေးဘဲချင်းလူမျိုးတစ်မျိုးဆိုတဲ့စိတ်ဓာတ်မွေးဖို့လိုပါတယ်။ နိုင်ငံတစ်ကာရောက်နေကြတဲ့ချင်းလူငယ်တွေအနေနဲ့လည်းမိမိပြည်နယ်မိမိလူမျိုးဖွုံဖြူးတိုးတက်ဖို့အတွက်အားတက်တရောပါဝင်ဖို့လိုအပ်ပါတယ်။
စည်းလုံးခြင်းသည် အင်အား။
(we Are One In Chin)
#salaithangsan
3:30 AM
Post a Comment